Saturday, October 12, 2013

မှတ်သားဖွယ်ရာ အချက်အလက်များ

လူသားတို့မကျင့်အပ်သောအရာ( ၅) ပါး

၁. ခြင်္သေ့လိုလဲ မဟောက်နဲ့
၂. ဖားငယ်လိုလဲ မကြောက်နဲ့
၃. တောင်လိုလဲ မမောက်နဲ့
၎. မြစ်လိုလဲ မကောက်နဲ့
၅. တွင်းလိုလဲ မစောင့်နဲ့


ခေါင်းဆောင်ကောင်းတို့၏အင်္ဂါ( ၄) ပါး


၁.သစ္စာ - ကတိ သစ္စာတည်
၂.ဓမ္မော -တရားဥပဒေလမ်းကြောင်းအတိုင်း ကျင့်သုံးရမည်
၃.ဒိတိ- တုန်လှုပ်ခြောက် ခြားခြင်း မရှိရ
၎.စာဂေါ- အသက်စွန့်ရန် အသင့်ရှိရမည်


အသင်းအဖွဲ့ပျက်စီးခြင်း အကြောင်း( ၆) ပါး


၁. အမျက်ထွက်လွယ်ခြင်း
၂. ကျေးဇူးမဲ့ကိုသာဆိုခြင်း
၃. ရန်ငြိုးဖွဲ့ခြင်း
၎. ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅. ငြူဆူခြင်း
၆. ဝန်တိုခြင်း

 


စည်းရုံးရေးလမ်းစဉ် သင်္ဂဟ တရား( ၄ )ပါး


၁. ဒါန - ပေးကမ်းထောက်ပံ့ခြင်းငွေကြေးပစ္စည်း အကူအညီပေးခြင်း ၂. ပေယာဝဇ္ဇ - ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်သောစကား ကို ပြောဆိုခြင်း
၃. အတ္တစရိယာ - အကျိုးစီးပွားတိုးတက်အောင် ကိုယ်နုတ်နှစ်ပါးဖြင့် လုပ်ကိုင်ပေးခြင်း
၎. သမာနတ္တတာ- ကိုယ်နှင့်ထပ်တူပြုခြင်းနှင့် တန်းတူထားခြင်း ဆက်ဆံခြင်း ပြုစုခြင်း တန်တူဒုက္ခခံခြင်း


မတိုင်ပင်အပ်သော သူ ( ၅) ယောက်


၁. မိန်းမကျူးသောသူ တစ်ယောက်
၂. သေရည်သောက်စားသူတစ်ယောက်
၃. အလိုရမ္မက်ကြီးသောသူ တစ်ယောက်
၎. အမျက်ဒေါသကြီးသူ တစ်ယောက်
၅. မလိမ္မာသောသူ တစ်ယောက်


ပညာရှိများ၏ပျက်စီးရခြင်းအကြေား( ၃ )ပါး


၁. ယုတ်မာသောသူကို ပညာသင်မိသောကြောင့် ပျက်စီးရခြင်း
၂. မကောင်းသောမိန်းမမယားပြုမိသောကြောင့် ပျက်စီးရခြင်း
၃. မသူတော်နှင့်ပေါင်းမိသောကြောင့်ပျက်စီးရခြင်း


မတင့်တယ်သော အရာ ( ၈) ပါး


၁. မင်းမရှိသည့် တိုင်းပြည်
၂. ရေမရှိသည့် မြစ်
၃. သစ်မရှိသည့် တောခြောက်
၎. အတောက်မရှိသည့် မီး
၅. စည်းမရှိသည့် ရွာ
၆. ကြာမရှိသည့် ကန်
၇. အောင်လံမတည်သည့် ရထား
၈. လင်မရှိသည့် မိန်းမ

ပစ္စည်းယိုပေါက် ( ၆) ခု
၁. ပျင်းရှိခြင်း
၂. မေ့လျော့ပေါ့ဆခြင်း
၃. အလုပ်မကျွမ်းကျင်မှု ခိုကပ်မှုရှိခြင်း
၎. အိပ်ချိန် အလုပ်နားချိန်များလွန်ခြင်း
၅. စည်းကမ်းမရှိခြင်း
၆. အလုပ်ကိုအချိန်မှီ မပြီးစီးခြင်း

စီးပွားယုတ်စေသောအကျင့် (၆ ) ပါး
၁. နေမြင့်အောင် အိပ်ခြင်း
၂. ပျင်းရိခြင်း
၃. နုတ်လက်ကြမ်းတမ်းခြင်း
၎. နိုး၍ထပ်ခဲခြင်း
၅. တစ်ယောက်တည်းခရီးသွားခြင်း
၆. ပဒါနကံပြုခြင်း



  
စိမ့်စမ်းပညာရေး

No comments:

Post a Comment