ချစ်သူရေ
အကြောင်းမညီလို့ နှခေါင်းဆီဆွတ် ဘောင်းဘီချွတ်ပီးစာရေးလိုက်ပါတယ်
ကိုယ်ပေးတဲ့ စာကလေးကိုရရင် အမွေးနှုတ်ပီး ကြော်စားလိုက်ပါ
မင်းကို ကိုယ် နှစ်သတ်ချင်ပေ မယ့် မင်းက ရေကူးတတ်တော့ခက်တော့ခက်နေတာပေါ့
ကိုယ်မင်းကို ချစ်ချင်ပေမယ့်လည်း အိမ်ကအုန်းခြစ်အခိုးခံရတယ်
ကိုယ်မင်းကို မြင်းမြင်းချင်း နွားနွားချင်းဆို သလိုခွေ့ချင်ခဲ့တာပါ
ကိုယ် မင်းအချစ်ကိုမရရင် မြောင်းတူးပီးပြောင်းဖူး ပဲစိုက်စားတော့မယ်
တကယ်လို့ မင်းအချစ်ကိုသာရမယ်ဆိုရင် မင်းကွန်းခေါင်းလောင်းကြီး လည်ပင်းမှာ ဆွဲပီး ရေခဲချောင်းရောင်းဆိုလည်းရောင်းပါ့မယ်
ကိုယ် ဂေါ်ဖီစားပီး တော်ကီမပွားတတ်ပါဘူး
ကမာ့ ဖလားနဲ့အတူ မင်းရဲ့အလှတရားတွေကို ငေးကြည့်နေမိသူပါ
ဒီလိုပြောလိုက်လို့ လီယောင်ဂျေးလို ဒီကောင်လေးဆိုးတယ်လို့ မပြောနဲ့နော်
ဒီစာလေးကို မင်းအမေတွေ့သွားလို့ မင်းကိုဆူရင် အဖုံးဖွင့်ပီး လက်ဘက်ခြောက်သာခတ်ထားလိုက်ပါ
ဟင်္သာတ လို မင်းကလှတော့
မအူပင်လို ကြင်နာချင်တယ်
စစ်တွေမှာ အချစ်တွေနဲ့
ရန်ကုန်မှာ ပြန်ဆုံရင်
ပုသိမ်မှာ အချိန်ကုန်နေတဲ့ကိုယ့်ကို
တောင်ကြီးမှာ မောင်ကြီးလို့တောင်မခေါ်နိုင်တော့ဘူးလား ကွာ
မင်းဆီက လာမဲ့စာကလေးကို စောင့်မျှော်နေလျက်.....
![]() |
သရက်သီးသနပ် |